Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 13:6

Judson Bible

တစ်​ဖန် သ​တ္တ​မ​နေ့၌​ကြည့်​ရှု၍ အ​နာ​သည် အ​ရေ၌​မ​တိုး​ပွား၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ ယား​နာ​သက်​သက် ဖြစ်၏။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် အ​သီး​အ​သီး​ခံ​ရ​သော ဘေး​ဒဏ်​ကို​သိ​လျက်၊ ဤ​အိမ်​တော်​သို့ မိ​မိ​တို့​လက်​ဝါး​ကို​ဖြန့်၍၊ တစ်​စုံ​တစ်​ခု​သော ပ​တ္ထ​နာ​စ​ကား​အား​ဖြင့် ဆု​တောင်း​လျှင်၊

သူ​တို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​စ​ကား​ကို ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို​စောင့်​တော်​မူ​ပါ။

မိ​မိ​မှား​ယွင်း​ခြင်း​ကို အ​ဘယ်​သူ​သည် နား​လည်​နိုင်​သ​နည်း။ မ​ထင်​ရှား​သော​ဒု​စ​ရိုက်​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​စင်​စေ၍၊

ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီ။ အ​ပြစ်​နှင့် ကင်း​လွတ်၏​ဟု အ​ဘယ်​သူ​ဆို​နိုင်​သ​နည်း။

အ​ပြစ်​မ​ပါ​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော သူ​တော်​ကောင်း​တစ်​စုံ​တစ်​ယောက်​မျှ မြေ​ကြီး​ပေါ်​မှာ မ​ရှိ။

နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို မ​ချိုး။ အ​တောက်​သေး​သော မီး​စာ​ကို မ​သတ်။ တ​ရား​သည် မြဲ​မြံ​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။

ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။

သူ​တို့​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။

ထို​အ​သေ​ကောင်​ကို စား​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

လူ​သည် ကိုယ်​အ​ရေ၌ အ​ဖု​ဖြစ်​စေ၊ ယား​နာ​ဖြစ်​စေ၊ နူ​ကွက်​ဖြစ်​စေ၊ နူ​သော​လ​က္ခ​ဏာ​ပေါ်​လျှင်၊ ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ထံ​သို့ ဖြစ်​စေ၊ သူ၏​သား ယဇ်​ပု​ရော​ဟိတ်​တစ်​စုံ​တစ်​ယောက်​ထံ​သို့​ဖြစ်​စေ ခေါ်​ခဲ့​ရ​မည်။

သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ အ​နာ​သည် အ​ရေ၌ မ​တိုး​မ​လျော့​နေ​လျှင်၊ တစ်​ဖန်​ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။

စင်​ကြယ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ပြီး​မှ၊ နောက်​တစ်​ဖန် ယား​နာ​တိုး​ပွား​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​ပြန်၍၊

စင်​ကြယ်​စေ​ရ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ မိ​မိ​ဆံ​ပင်​ကို အ​ကုန်​အ​စင်​ရိတ်​ပြီး​မှ၊ စင်​ကြယ်​စေ​ခြင်း​ငှာ ရေ​ချိုး​ရ​မည်။ ထို​နောက်၊ တပ်​ထဲ​သို့​ဝင်၍၊ မိ​မိ​တဲ​ပြင်၌ ခု​နစ်​ရက်​နေ​ရ​မည်။

ယုံ​ကြည်​အား​နည်း​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။ သို့​ရာ​တွင် ယုံ​မှား​ဖွယ်​သော ပြဿ​နာ​တို့​ကို ထို​သူ​နှင့် မ​ဆွေး​နွေး​ကြ​နှင့်။ အ​စာ​အ​မျိုး​မျိုး​ကို စား​အပ်​သည်​ဟု လူ​အ​ချို့​ယုံ၏။-

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

သူ​တို့​သည် ယို​ယွင်း​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​သား​မ​ဟုတ်၊ အ​ညစ်​အ​ကြေး​ကပ်​ကြ၏။ သ​ဘော​ကောက်၍ ဖောက်​ပြန်​သော​အ​မျိုး​ဖြစ်​ကြ၏။

ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

စား​စ​ရာ၊ သောက်​စ​ရာ၊ အ​မျိုး​မျိုး​သော နှစ်​စ​ရာ​တည်း​ဟူ​သော၊ ကိုယ်​ခ​န္ဓာ​နှင့်​ဆိုင်​သော အ​ထုံး​အ​ဖွဲ့​များ​နှင့်​တ​ကွ အ​သစ်​ပြု​ပြင်​ခြင်း ကာ​လ​တိုင်​ရုံ​မျှ​သာ တည်​ရ​ကြ၏။

ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ