Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 13:57

Judson Bible

နောက်​တစ်​ဖန် ထို​ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်၌ အ​နာ​ပေါ်​ပြန်​လျှင်၊ တိုး​ပွား​တတ်​သော​အ​နာ​ဖြစ်၏။ ထို​သို့​အ​နာ​စွဲ​သော​ဥ​စ္စာ​ကို မီး​ရှို့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။

ရက်​ကန်း​ပင်​ဖြစ်​စေ၊ ရက်​ကန်း​သား​ဖြစ်​စေ၊ သား​ရေ​ဖြစ်​စေ၊ သား​ရေ​နှင့်​လုပ်​သော အ​သုံး​အ​ဆောင်​ဖြစ်​စေ၊

ဆေး​လျှော်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​နာ​သည် ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ အ​ဝတ်၊ သား​ရေ၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​ထဲ​က အ​နာ​ကွက်​ကို​ဆုတ်​ဖဲ့​ရ​မည်။

ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​ကို ဆေး​လျှော်၍ အ​နာ​ပျောက်​လျှင်၊ ဒု​တိ​ယ​အ​ကြိမ်​ဆေး​လျှော်၍ စင်​ကြယ်​ရ၏။

ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။

နူ​နာ​ဘေး​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​တို့ သွန်​သင်​သ​မျှ​အ​တိုင်း သ​တိ​ပြု၍ စေ့​စေ့​စောင့်​ရှောက်​လော့။ သူ​တို့​ကို ငါ​မှာ​ထား​သည်​အ​တိုင်း ကျင့်​စောင့်​ကြ​လော့။

ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ