ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွားသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည် ဆေးကြောခြင်းကို မခံသောကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့မရောက်မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေးကြောရ။
အနာစွဲသောအရာကို ဆေးလျှော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ်စီရင်၍ တစ်ဖန် ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။
ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကိုဆုတ်ဖဲ့ရမည်။
ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။-