ထိုသူသည်မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။
အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သောသူတို့နှင့်အတူ ဆုံးတတ်ကြ၏။
သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။
ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ပေါက်သော အနာ၏အဖု ဖြူနီလျှင်၊
နူနာစွဲသောသူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။
မျက်စိမြှေးယှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွတကား။-