ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ဖြူသောနူကွက်ရှိ၍၊
သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သောညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။