ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။
သို့ဖြစ်၍ နေမန်၏နူနာသည် သင်၌လည်းကောင်း၊ သင်၏သားမြေး၌လည်းကောင်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံမှထွက်သွား၏။
တစ်ဖန် ထာဝရဘုရားက၊ သင်၏လက်ကို သင်၏ရင်ခွင်သို့သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကိုရင်ခွင်သို့သွင်း၍ထုတ်ပြန်သောအခါ၊ လက်သည် မိုးပွင့်အဆင်းကဲ့သို့ နူလေ၏။
အရေအသား၌ မီးလောင်နာရှိ၍၊ မီးလောင်နာအသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊
ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ ဖြူသောအမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်လည်းကောင်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်လည်းကောင်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
မိုးတိမ်သည် တဲတော်အပေါ်မှကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊