အရေ၌တိုးပွားလျှင်၊ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
လူသည် ကိုယ်အရေ၌ အဖုဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ်တစ်စုံတစ်ယောက်ထံသို့ဖြစ်စေ ခေါ်ခဲ့ရမည်။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကိုခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊