အသားစိုသည် ခြားနား၍ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တစ်ဖန်လာရမည်။
ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှု၍ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။
ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူစင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရသဖြင့် သူသည်စင်ကြယ်၏။
ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ်၊ တစ်ကိုယ်လုံးနူနာစွဲသော သူတစ်ယောက်သည် ကိုယ်တော်ကို မြင်လျှင် ပျပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။-