Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 13:1

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

လူ​သည် ကိုယ်​အ​ရေ၌ အ​ဖု​ဖြစ်​စေ၊ ယား​နာ​ဖြစ်​စေ၊ နူ​ကွက်​ဖြစ်​စေ၊ နူ​သော​လ​က္ခ​ဏာ​ပေါ်​လျှင်၊ ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ထံ​သို့ ဖြစ်​စေ၊ သူ၏​သား ယဇ်​ပု​ရော​ဟိတ်​တစ်​စုံ​တစ်​ယောက်​ထံ​သို့​ဖြစ်​စေ ခေါ်​ခဲ့​ရ​မည်။

တစ်​ဖန် မော​ရှေ​နှင့်​အာ​ရုန်​အား ထာ​ဝ​ရ​ဘု​ရား​က၊

နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-

ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-

ကိုယ်​တော်​သည် မြို့​တစ်​မြို့၌​ရှိ​တော်​မူ​စဉ်၊ တစ်​ကိုယ်​လုံး​နူ​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ကိုယ်​တော်​ကို မြင်​လျှင် ပျပ်​ဝပ်၍၊ သ​ခင်၊ အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-

နူ​နာ​ဘေး​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​တို့ သွန်​သင်​သ​မျှ​အ​တိုင်း သ​တိ​ပြု၍ စေ့​စေ့​စောင့်​ရှောက်​လော့။ သူ​တို့​ကို ငါ​မှာ​ထား​သည်​အ​တိုင်း ကျင့်​စောင့်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ