Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 12:3

Judson Bible

အ​ဋ္ဌ​မ​နေ့၌ သား​ယောက်ျား​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နည်း​တူ သိုး​နွား​တို့​ကို​ပြု​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး သိုး​နွား​သ​ငယ်​ကို အ​မိ​နှင့်​အ​တူ​နေ​စေ၍၊ အ​ဋ္ဌ​မ​နေ့​ရောက်​မှ ငါ့​အား​ဆက်​ကပ်​ရ​မည်။

ထို​နောက် အ​မိ​သည်​စင်​ကြယ်​စေ​ခြင်း​နှင့်​ဆိုင်​သော အ​သွေး​ရှိ၍၊ အ​ရက်​သုံး​ဆယ်​သုံး​ရက်​ပတ်​လုံး နေ​ရ​မည်။ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် မ​စေ့​မီ​တိုင်​အောင် သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ။ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​သွား​ရ။

အ​စဉ်​ယို​သည်​ဖြစ်​စေ၊ တစ်​ခါ​တ​လေ​ရပ်​သည်​ဖြစ်​စေ၊ ထို​သူ​သည် မ​စင်​ကြယ်။

ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ​ငယ်​အား​ပေး​အံ့​သော​ငှာ လာ​ကြ၍၊ အ​ဘ၏​အ​မည်​ဖြစ်​သော ဇာ​ခ​ရိ​အ​မည်​ဖြင့် မှည့်​သော​အ​ခါ အ​မိ​က၊ ထို​သို့​မ​မှည့်​ရ။-

ထို​သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​သော​နေ့​တည်း​ဟူ​သော ရှစ်​ရက်​မြောက်​သော​နေ့ ရောက်​လျှင်၊ ပ​ဋိ​သ​န္ဓေ​စွဲ​တော်​မ​မူ​မီ ကောင်း​ကင်​တ​မန်​မှည့်​သော ယေ​ရှု​အ​မည်​ဖြင့် မှည့်​ကြ၏။-

ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-

ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။-

ငါ​ဆို​သည်​ကား၊ ခ​ရစ်​တော်​ကို​ရည်​မှတ်၍ ဘု​ရား​သ​ခင် တည်​စေ​တော်​မူ​နှင့်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​နှစ်​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ နောက်​ဖြစ်​သော ပ​ညတ်​တ​ရား​သည် မ​ပယ်​နိုင်။ က​တိ​တော်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​နိုင်။-

အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​လူ​အ​ပေါင်း​တို့​အား ငါ​တစ်​ဖန် သက်​သေ​ခံ​သည်​ကား၊ ထို​သို့​သော​သူ​သည် ပ​ညတ်​တ​ရား​ကို အ​ကြွင်း​မဲ့​ကျင့်​အံ့​သော​ငှာ ကြွေး​တင်​သော​သူ ဖြစ်၏။-

သင်​သည် အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​စေ​ခြင်း​ငှာ၊ သင့်​နှ​လုံး​နှင့် သင့်​အ​မျိုး၏ နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​တော်​မူ​လိမ့်​မည်။

ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။ ဟေ​ဗြဲ​လူ​မှ​ဆင်း​သက်​သော ဟေ​ဗြဲ​လူ​စစ် ဖြစ်၏။ တ​ရား​အား​ဖြင့် ဖာ​ရိ​ရှဲ​ဖြစ်၏။-

ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ