Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 11:7

Judson Bible

ဝက်​သည်​ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဝက်​သား၊ ကြွက်​သား၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို​စား​လျက်၊ ဥ​ယျာဉ်​တို့​တွင် အ​လယ်၌​ရှိ​သော သူ​တစ်​ယောက်​နောက်​သို့ လိုက်၍၊ မိ​မိ​တို့​ကို သန့်​ရှင်း​စင်​ကြယ်​စေ​သော သူ​တို့​သည် တစ်​ပြိုင်​နက်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့၏​အ​ကျင့်​တို့​ကို​လည်း​ကောင်း အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း ငါ​သိ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ခွာ​ကွဲ​ပြား၍​စား​မြုံ့​ပြန်​သော​သား​များ​ကို သင်​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။

အာ​ရ​န​ဘက်​သည်​စား​မြုံ့​ပြန်​သော်​လည်း ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။

ထို​သို့​သော တိ​ရ​စ္ဆာန်​အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။ မ​စင်​ကြယ်​ဟု သင်​တို့​မှတ်​ရ​ကြ​မည်။

ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။-

ထို​အ​ခါ ပြည်​သား​တစ်​ယောက်​ထံ​သို့​သွား၍ အ​စေ​ခံ​လျှင်၊ ဝက်​တို့​ကို ကျောင်း​စေ​ခြင်း​ငှာ သူ့​သ​ခင်​သည် တော​သို့ စေ​လွှတ်​သ​ဖြင့်၊-

နတ်​ဆိုး​တို့​သည် လူ​မှ​ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့်၊ ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း ပြေး​ဆင်း၍ အ​သက်​ဆုံး​ကြ၏။-

ဝက်​သည် ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ