မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဖွယ်ဖြစ်၍ သင်တို့မစားရ။
တစ်ဖန်ဘုရားသခင်က၊ အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။
မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
အတောင်ရှိ၍ ခြေလေးချောင်းနှင့်တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မြှောင်မျိုး၊
ခြေမရှိ၊ ဝမ်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမကများသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန်တစ်စုံတစ်ခုကိုမျှ မစားရ။ ရွံရှာဖွယ်ဖြစ်၏။