ဝတ်ပြု 11:40Judson Bibleထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ အခန်းကိုကြည့်ပါ။ |
အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့၌ တည်းခိုသော တစ်ပါးအမျိုးသားစားစရာဖို့ ပေးရမည်။ သို့မဟုတ် တစ်ကျွန်းတစ်နိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။