Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 11:39

Judson Bible

သင်​တို့​စား​အပ်​သော တိ​ရ​စ္ဆာန်​သေ​လျှင်၊ အ​သေ​ကောင်​ကို ထိ​မိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ငါ​က​လည်း၊ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ညစ်​ညူး​ခြင်း​သို့ မ​ရောက်​ပါ​သေး။ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၊ ရွံ​ရှာ​ဖွယ်​သော​အ​ကောင်၏​အ​သား​ကို ငယ်​သော အ​သက်​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် အ​ကျွန်ုပ်​သည် မ​စား​ပါ​ဟု လျှောက်​လျှင်၊

ထို​တိ​ရ​စ္ဆာန်​အား​ဖြင့် သင်​တို့​စင်​ကြယ်​ခြင်း ပျက်​တတ်၏။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။

သူ​တို့​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။

သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။

ရေ၌​စိမ်​ထား​ပြီး​သော​မျိုး​စေ့​အ​ပေါ်၌ ထို​အ​သေ​ကောင်​ကျ​လျှင်၊ မျိုး​စေ့​သည် သင်​တို့၌​မ​စင်​ကြယ်။

ထို​အ​သေ​ကောင်​ကို စား​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

ထို​မှ​တစ်​ပါး၊ ထို​အိမ်​ကို ပိတ်​ထား​သည်​ကာ​လ​ပတ်​လုံး၊ အ​ထဲ​သို့​ဝင်​မိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ပူ​ဇော်၍၊ ရိ​နာ​စွဲ​သော​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

သူ၏​အိပ်​ရာ​ကို​ထိ​သော​သူ၊ သူ့​ထိုင်​ရာ​အ​ပေါ်​မှာ​ထိုင်​သော​သူ၊ သူ၏​ကိုယ်​ကို​ထိ​သော​သူ၊ သူ၏​တံ​တွေး​ထိ​မိ​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေး​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။

လွတ်​လပ်​လ​ဟာ​သို့ ဆိတ်​ကို​လွှတ်​လိုက်​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။

အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၏​အ​သား​ကို စား​သော​ကိုယ်​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​မည်​သည်​ကား၊ စား​လျှင် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ ထို​နောက် စင်​ကြယ်​ခြင်း​ရှိ၏။

နူ​နာ၊ ရိ​နာ​စွဲ​သော အာ​ရုန်၏​အ​မျိုး​သား​မည်​သည်​ကား၊ မ​စင်​ကြယ်​မီ​တိုင်​အောင် သန့်​ရှင်း​သော​အ​ရာ​ကို​မ​စား​ရ။ အ​သေ​ကောင်​နှင့်​ဆိုင်၍ မ​သန့်​ရှင်း​သော​အ​ရာ​ကို ထိ​သော​သူ၊ သုက်​ရည်​ထွက်​သော​သူ၊

ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ကိုယ်​ကို​ရေ​မ​ချိုး​ဘဲ​နေ​လျှင်၊ သန့်​ရှင်း​သော​အ​ရာ​ကို မ​စား​ရ။

အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍ မ​စား​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

လူ​သေ​ကောင်​ကို​ထိ​သော​သူ​သည် ခု​နစ်​ရက်​မ​စင်​ကြယ် ဖြစ်​လိမ့်​မည်။

သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သေ​အ​ရိုး၊ လူ​သင်္ချိုင်း​ကို လယ်​ပြင်၌​တွေ့၍​ထိ​လျှင်၊ ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။

ထို​နောက် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​လည်း​ရေ​ချိုး​ပြီး​မှ၊ တပ်​ထဲ​သို့​ဝင်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ