အတောင်ရှိ၍ ခြေလေးချောင်းနှင့်တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဉ့်ဦးတိုင်အောင် မစင်ကြယ်။
ခွာမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌မစင်ကြယ်ကြ။ သူတို့အသေကောင်ကို ထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်။
မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဖွယ်ဖြစ်၍ သင်တို့မစားရ။
ညစ်ညူးစေ၍ တွားတတ်သောတိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစ်စုံတစ်ခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသောသူတို့သည်၊
ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည် ရှိကြ၏။-