သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဖို့ အခြားခြေထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊
သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာတို့တွင်၊
အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။
အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည် ရှိကြ၏။-