Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 10:2

Judson Bible

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မီး​ထွက်၍၊ သူ​တို့​ကို​လောင်​သ​ဖြင့် ရှေ့​တော်၌​သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို​အ​မျက်​ထွက်၍ သူ၏​အ​ပြစ်​ကြောင့် ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​သည် သေ​တ္တာ​တော်​နား​မှာ သေ​လေ၏။

ပ​ရော​ဖက်​သွား၍ အ​သေ​ကောင်​သည် လမ်း၌​လဲ​လျက်၊ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ ရပ်​နေ​လျက်​ရှိ​သည်​ကို တွေ့၏။ ခြင်္သေ့​သည် အ​သေ​ကောင်​ကို မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​မီး​သည်​ကျ​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ထင်း၊ ကျောက်၊ မြေ​မှုန့်​ကို​လောင်၍ ကျုံး၌​ရှိ​သော​ရေ​ကို​လည်း ခန်း​ခြောက်​စေ၏။

ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင်၊ ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု လူ​ငါး​ကျိပ်​အုပ်​သော​တပ်​မှူး​အား ဆို​သည်​အ​တိုင်း၊ ကောင်း​ကင်​က​မီး​ကျ၍ သူ​နှင့်​သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။

ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင် ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု သူ​တို့​အား​ဆို​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏​မီး​သည် ကောင်း​ကင်​က​ကျ၍ သူ​နှင့် သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။

ထို​သို့ သေ​တ္တာ​တော်​ကို ကိုင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို အ​မျက်​ထွက်၍၊ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ဩ​ဇ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ သေ​လေ၏။

အ​ရင်​က​မ​သန့်​ရှင်း၊ တ​ရား​လမ်း​သို့ မ​လိုက်​ဘဲ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​သည်​ဟု သ​တိ​ပေး၏။

နာ​ဒပ်​နှင့်​အ​ဘိ​ဟု​သည် သား​မ​ရှိ။ အ​ဘ​လက်​ထက်​တွင် သေ​သော​ကြောင့်၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ဘု​ရား​သ​ခင်၏​မီး​သည် မိုး​ကောင်း​ကင်​မှ ကျ​သ​ဖြင့်၊ သိုး​များ​နှင့် လူ​စောင့်​များ​တို့​ကို လောင်၍ သူ​တို့​သည် ကျွမ်း​ကုန်​ကြ​ပါ​ပြီ။ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။

ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။

အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

သူ​တို့​သည်​လာ၍ အင်္ကျီ​ဝတ်​လျက်​ရှိ​သော​အ​သေ​ကောင်​ကို တပ်​ပြင်​သို့​ယူ​သွား​ကြ၏။

အာ​ရုန်၏​သား​နှစ်​ယောက်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍ သေ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။

ခါ​နာန်​ပြည်​ကို မ​ကောင်း​သော​သ​တင်း ကြား​ပြော​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကာ​လ​နာ​ဘေး​နှင့် သေ​ကြ​လေ၏။

နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။

ကော​ရ​အ​မှု​ကြောင့် သေ​သော​သူ​တို့​ကို​ထား၍ ထို​ဘေး​ဥ​ပဒ်​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ တစ်​သောင်း​လေး​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။

နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို ပူ​ဇော်​သော​အ​ခါ သေ​ကြ၏။

ထို​မိန်း​မ​သည် ပေ​တ​ရု၏​ခြေ​ရင်း၌ လဲ၍​သေ​လေ၏။ လု​လင်​တို့​သည်​လည်း ဝင်၍ ထို​မိန်း​မ​သေ​သည်​ကို​တွေ့​လျှင်၊ ဆောင်​သွား၍​သူ၏ ခင်​ပွန်း​အ​နား​မှာ သင်္ဂြိုဟ်​ကြ၏။-

ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။-

ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ