Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 10:14

Judson Bible

ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​ကား၊ သင်​နှင့်​တ​ကွ သင်၏​သား​သ​မီး​တို့​သည် စင်​ကြယ်​သော​အ​ရပ်၌ စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က၊ သင်​နှင့်​သင်၏​သား​တို့​သည် ခံ​ထိုက်​သော​အ​ဖို့​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို​သန့်​ရှင်း​စေ၍၊ အ​ရာ၌​ခန့်​ထား​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ရာ မင်္ဂ​လာ​ပြု​ခြင်း​နှင့် ဆိုင်​သော​အ​ရာ​တို့​ကို၊ သူ​တို့​သည် စား​ရ​ကြ​မည်။ ထို​အ​ရာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​မ​စား​ရ။

တိုင်း​သော​သူ​က​လည်း၊ လွတ်​လပ်​သော​အ​ရပ်​ရှေ့​မှာ မြောက်​ခန်း​နှင့် တောင်​ခန်း​တို့​သည် သန့်​ရှင်း​သော​အ​ခန်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ​ကို စား​ရ​သော​အ​ခန်း ဖြစ်​ကြ၏။ ထို​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့် အ​လွန်​သန့်​ရှင်း​သော​အ​ရာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တို့​ကို ထား​ရာ​အ​ရပ်​ဖြစ်၏။

ထို​အ​ကြွင်း​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က သင်​နှင့်​သင်၏​သား​တို့ ခံ​ထိုက်​သော​အ​ဖို့​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​ကြ​မည်။ ထို​ပ​ညတ်​တော်​ကို ငါ​ခံ​ရ​ပြီ။

သို့​ရာ​တွင် လင်​သေ​သော်​လည်း​ကောင်း၊ လင်​နှင့်​ကွာ​သော်​လည်း​ကောင်း၊ သား​မ​ရှိ​ဘဲ မိ​မိ​အ​ဘ​အိမ်​သို့​ပြန်၍ ငယ်​စဉ်​အ​ခါ​နေ​သ​ကဲ့​သို့ နေ​ပြန်​လျှင်၊ အ​ဘ၏​အ​စာ​ကို စား​ရ​မည်။ တစ်​ပါး​အ​မျိုး​သား​မ​စား​ရ။

ရင်​ပတ်​နှင့်​လက်​ယာ​ပ​ခုံး​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို​ပြု​လေ၏။ ထို​သို့​ပြု​ရ​မည်​ဟု မော​ရှေ​မှာ​ထား​သ​တည်း။

ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပူ​ဇော်​သော ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​တို့​ကို၊ သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ် တ​ရား​အား​ဖြင့်​ငါ​ပေး​ပြီ။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။

ယဇ်​ပု​ရော​ဟိတ်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​ပူ​ဇော်၍ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။

ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ