Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 1:9

Judson Bible

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။

မီး​ရှို့​ရာ​ယဇ်​နှင့်​ဆိုင်​သော အ​ရာ​တို့​ကို ဆေး​စ​ရာ​ဖို့ အင်​တုံ​ဆယ်​လုံး​ကို​လည်း​လုပ်၍၊ လက်​ယာ​ဘက်၌ အင်​တုံ​ငါး​လုံး၊ လက်​ဝဲ​ဘက်၌ ငါး​လုံး​ကို ထား​လေ၏။ ရေ​ကန်​မူ​ကား ယဇ်​ပု​ရော​ဟိတ် ရေ​ချိုး​စ​ရာ​ဖို့ ဖြစ်​သ​တည်း။

ဟုတ်​မှန်​ဖြောင့်​မတ်​သော​စိတ်​နှ​လုံး​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ထဲ​မှာ ပ​ညာ​ကို သွန်​သင်​တော်​မူ​ပါ။

ဆူ​ဖြိုး​သော​သိုး​တို့​ကို နံ့​သာ​ပေါင်း​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ပါ​မည်။ နွား​နှင့် ဆိတ်​တို့​ကို​လည်း စီ​ရင်​ပါ​မည်။

အ​သား​စိမ်း​သည်​ဖြစ်​စေ၊ ရေ​နှင့်​ပြုတ်​သည်​ဖြစ်​စေ မ​စား​ရ။ ခေါင်း၊ ခြေ​ထောက်၊ အ​သည်း၊ နှ​လုံး​စ​သည်​တို့​နှင့်​တ​ကွ၊ မီး​ကင်​ပြီး​မှ စား​ရ​မည်။

သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။

ထို​အ​ရာ​တို့​ကို သူ​တို့​လက်​မှ​ခံ​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မွှေး​ကြိုင်​သော​အ​နံ့​ဖြစ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်၌ မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​မှာ ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး​ကို ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​စင်​စေ​လော့။ သင်၏ အ​ဓ​မ္မ​အ​ကြံ​အ​စည်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်၏​အ​ထဲ၌ တည်​နေ​ရ​မည်​နည်း။

သူ​တို့​အား​ပေး​ခြင်း​ငှာ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဆောင်​သွင်း​သော​အ​ခါ၊ သူ​တို့​သည်​မြင့်​သော​တောင်၊ ထူ​ထပ်​သော သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု၍၊ ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်​ခြင်း၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​သော​အ​လှူ​ဒါ​န​ကို​တင်​ခြင်း၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​ရည်​ပူ​ဇော်​သ​ကာ သွန်း​လောင်း​ခြင်း​တို့​ကို ပြု​ကြ၏။

သင်​တို့​သည် ကွဲ​ပြား​လျက်​နေ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​မှ ငါ​ဆောင်​ခဲ့၍ စု​ဝေး​သော​အ​ခါ၊ သင်​တို့၌​ပါ​သော နံ့​သာ​ပေါင်း အ​မွှေး​အ​ကြိုင်​နှင့်​တ​ကွ၊ သင်​တို့​ကို ငါ​သည်​လက်​ခံ၍၊ သင်​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း ရှိ​လိမ့်​မည်။

မီး​ရှို့​သော ယဇ်​ကောင်​ကို ရေ​နှင့် ဆေး​ကြော​စ​ရာ​အ​ခန်း​များ၊ အ​ခန်း​ဝင်​ဝ​များ​တို့​သည် ထို​တံ​ခါး​မုခ်၌ ရှိ​ကြ၏။

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အ​တောင်​ပါ​လျက်​ငှက်​ကောင်​ကို​ခွဲ​ဖွင့်၍၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​ပေါ်၌​ရှိ​သော ထင်း​မီး​အ​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ပွတ်​ယူ​သော​စ​ပါး​စေ့​အ​ချို့၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​တည်း​ဟူ​သော ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​တွက်​အ​တာ​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​ကို​ယူ၍၊ ထို​အ​တွက်​အ​တာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ထဲ​က အ​တွက်​အ​တာ​ကို​နှိုက်​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။

အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊

ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍၊ သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ထို​အ​ရာ​တို့​ကို သူ​တို့​လက်​မှ​ခံ​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​တူ ရှို့​လေ​၏။ မွှေး​ကြိုင်​သော​အ​နံ့​ရှိ၍ အ​ရာ၌​ခန့်​ထား​ရာ​ယဇ် ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​များ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​တူ ရှို့​လေ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။

သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊

လ​ဆန်း​တစ်​ရက်​နေ့၌၊ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။

သိုး​သ​ငယ်​တစ်​ကောင်​နှင့်​အ​တူ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ စ​ပျစ်​ရည်​သုံး​လော​ဃ​ကို ပူ​ဇော်၍၊ သန့်​ရှင်း​ရာ​ဌာ​န၌ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား​အား သွန်း​လောင်း​ရ​မည်။

အ​ခြား​သော​သိုး​သ​ငယ်​ကို ညဉ့်​ဦး​ယံ၌​ပူ​ဇော်​သော​အ​ခါ၊ နံ​နက်​ယံ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ ပါ​သည်​နည်း​တူ​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့်​ပြည့်​စုံ၍ မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကို ပြု​ရ​မည်။

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​တို့​သည် ကယ်​တင်​သော သူ​တို့၌​လည်း​ကောင်း၊ ဆုံး​ရှုံး​သော သူ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား ခ​ရစ်​တော်၏ အ​မွှေး​အ​ကြိုင်​ဖြစ်​ကြ၏။-

ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။

အ​သား​နှင့် အ​သွေး​ကို​ရော​နှော၍၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။ ယဇ်​ကောင်​အ​သွေး​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ သွန်း​လောင်း၍၊ အ​သား​ကို​စား​ရ​မည်။

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ