Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 1:14

Judson Bible

ထာ​ဝ​ရ​ဘု​ရား​အား ငှက်​ကို​မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ ခို​ဖြစ်​စေ၊ ချိုး​က​လေး​ဖြစ်​စေ ဆောင်​ခဲ့၍​ဆက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သုံး​နှစ်​အ​သက်​ရှိ​သော​နွား​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​ဆိတ်​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​သိုး​ထီး​တစ်​ကောင်၊ ချိုး​တစ်​ကောင်၊ ခို​သ​ငယ်​တစ်​ကောင်​တို့​ကို​ငါ​ဖို့​ယူ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ဒု​တိ​ယ​ငှက်​ကောင်​ကို၊ ပ​ညတ်​တ​ရား​အ​တိုင်း မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို​မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​သော​သူ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ရာ၌ မုန့်​ညက်​တစ်​ဩ​မဲ​ကို​ဆောင်​ခဲ့၍၊ ဆက်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ကြောင့် ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။

သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊

ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌​ရောင်း​ဝယ်​သော​သူ အ​ပေါင်း​တို့​ကို နှင်​ထုတ်၍၊ ငွေ​လဲ​သော​သူ​တို့၏ ခုံ​များ​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​နေ​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ​လျက်၊-

ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပူ​ဇော်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း လာ​ပြန်​သည်​နှင့်​အ​ညီ ယဇ်​ပူ​ဇော်​ကြ၏။

အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ