ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည် ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။-
တစ်ခဏချင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါပြီတကား။
ကောင်းကင် ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ယှက်ရာကာလ၊ မြို့ရိုးကိုဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေပြီ။
အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ်၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက်ခက်လှ၏။ သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ်ကြောခြင်းကို ခံရသော နေ့ရက်သည် ရောက်လာပြီ။ နှိပ်စက်နှောင့်ယှက်ရာကာလ ဖြစ်၏။
ခရစ်တော်ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာ ကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။
လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-
ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။-
ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊-
ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။
ကဲသာဘုရင် တိဗေရိနန်းစံ တစ်ဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စော်ဘွားအရာ၊-
လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-