Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 9:3

Judson Bible

သင်​တို့​သည် လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ မုန့်၊ ငွေ​ကို မ​ယူ​ကြ​နှင့်။ အင်္ကျီ​နှစ်​ထည်​ကို​လည်း မ​ပါ​စေ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​လျက်၊ နှစ်​ယောက်​စီ​နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၍၊-

တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့ စား​ရ​မည်​ဟူ၍ အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟူ၍ ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ငါ​ဆို၏။-

ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ ယ​နေ့​အ​သက်​ရှင်​လျက်၊ နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။-

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​က ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​မ​ပါ​ဘဲ သွား​ကြ​လော့​ဟု သင်​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ တစ်​စုံ​တစ်​ခု​လို​သ​လော​ဟု မေး​လျှင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု လျှောက်​ကြ​သော်၊-

ယော​ဟန်​က၊ အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် အင်္ကျီ​မ​ရှိ​သော​သူ​အား မျှ​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ​ဟု ပြန်​ပြော၏။-

ထို​နောက်​မှ​လေ​ဝိ​သည် ကိုယ်​တော်​အ​ဖို့​အ​လို့​ငှာ မိ​မိ​အိမ်၌ ကြီး​စွာ​သော​ပွဲ​ကို​ခံ၍၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။-

မည်​သည့် အိမ်​သို့​ဝင်​လျှင် ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။ အ​ကြင်​သူ​တို့​သည် သင်​တို့​အား ဧည့်​သည်​ဝတ်​ကို မ​ပြု​ဘဲ​နေ၏။-

စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ