Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 9:20

Judson Bible

သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​သူ၏ သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု လျှောက်​ကြ​သော်၊-

ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊-

အ​ဆွေ​အ​မျိုး​တို့​အား​သာ လော​က​ဝတ်​ပြု​လျှင် အ​ဘယ်​သို့ ထူး​မြတ်​သ​နည်း။ သာ​သ​နာ​ပ​လူ တို့​ပင် ထို​အ​တူ ပြု​ကြ​သည်​မ​ဟုတ်​လော။-

ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊-

သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ငါ​တို့​အား ပြော​လော့​ဟု​ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​ပြော​လျှင် သင်​တို့​သည် မ​ယုံ။-

လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-

ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-

အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-

ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဤ​လော​က​သို့​ကြွ​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​သည်​ဟု လျှောက်၏။

ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။

အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ထုတ်​ဖော်​သော​သူ​ကို လာ၍​ကြည့်​ကြ​ပါ။ ထို​သူ​သည် ခ​ရစ်​တော်​မှန်​လိမ့်​မည်​လော​ဟု လူ​များ​တို့​အား ပြော​ဆို​သော်၊-

ထို​မိန်း​မ​အား၊ ယ​ခု​ဖြစ်​လျှင် ငါ​တို့​သည် သင်၏​စ​ကား​ကြောင့်​သာ ယုံ​ကြည်​သည်​မ​ဟုတ်။ စ​ကား​တော်​ကို ကိုယ်​တိုင်​ကြား​နာ​ရ၍၊ ဤ​သူ​သည် လော​ကီ​သား​တို့​ကို ကယ်​တင်​တော်​မူ​သော သ​ခင်​တည်း​ဟူ​သော ခ​ရစ်​တော် အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​ကြောင်း​ကို သိ​သည်​ဟု ဆို​ကြ၏။

အ​ချို့​က​လည်း၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​ပြည်​သား ဖြစ်​ရ​သ​လော။-

ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်။ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။ ငါ​ဟော​ပြော​သော​ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​အ​ကြောင်း အ​ရာ​တို့​ကို ရှင်း​လင်း​စွာ​ဖွင့်​ပြ​လေ၏။-

ထို​သို့​လမ်း၌​သွား​ကြ​စဉ် ရေ​ရှိ​ရာ​သို့​ရောက်၍၊ အ​မတ်​က​လည်း ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို ဗ​တ္တိ​ဇံ​မ​ခံ​စေ​ခြင်း​ငှာ မည်​သည့်​အ​ကြောင်း ဆီး​တား​ပါ​သ​နည်း​ဟု ပြော​ဆို​လျှင်၊-

ရှော​လု​သည်​လည်း အား​တိုး​ပွား​သ​ဖြင့် ဒ​မာ​သက်​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည် ပြော​သ​မျှ​သော စ​ကား​ကို​ချေ၍၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ထင်​ရှား​စွာ​ပြ၏။

ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ကို ယုံ​ကြည်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ အ​ဘ​ကို​ချစ်​သော​သူ​သည် သား​ကို​လည်း ချစ်​တတ်​သည်​နှင့်​အ​ညီ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ