ထိုသို့ လျှောက်သည်အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါလူများတို့ကို တစ်စုလျှင် ငါးဆယ်စီ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။-
ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည် ထည့်ကြ၏။-
ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဖို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌ မရှိပါဟုလျှောက်ကြ၏။-
တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊-
ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။