Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 8:44

Judson Bible

နောက်​တော်​သို့ ချဉ်း​ကပ်၍ အ​ဝတ်​တော်၏​ပန်း​ပွား​ကို တို့​သ​ဖြင့်၊ ထို​ခ​ဏ​ချင်း​တွင် သွေး​သွန်​အ​နာ​ပျောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။

ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။

ယေ​ရှု​သည် သ​နား​ခြင်း​စိတ်​တော်​ရှိ၍ သူ​တို့​မျက်​စိ​ကို လက်​နှင့် တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​တို့​သည် မျက်​စိ​မြင်၍ နောက်​တော်​သို့ လိုက်​ကြ၏။

ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-

ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊-

မြို့​ရွာ​ဇ​န​ပုဒ်​သို့ ရောက်​တော်​မူ​ရာ၌ မ​ကျန်း​မ​မာ​သော​သူ​တို့​ကို လမ်း​နား​မှာ​ထား၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-

နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။-

ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊-

ယေ​ရှု​က​လည်း၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ငြင်း​လတ်​သော်၊ ပေ​တ​ရု​မှ​စ၍ သူ၏​အ​ပေါင်း​အ​ဖော်​တို့​က၊ သ​ခင်၊ လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​အား ထိ​ခိုက်​တိုက်​မိ​ကြ​သည် ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​လေ၏။-

ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။

ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။

ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။-

သင်​ခြုံ​သော​အ​ဝတ်​စွန် လေး​ဘက်၌ ပန်း​ပွား​တို့​ကို​ဆွဲ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ