Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 8:3

Judson Bible

ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။

သို့​ရာ​တွင်၊ သူ၏​ကုန်​သွယ်​ခြင်း၊ အ​မြတ်​ရ​ခြင်း​အ​ရာ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​လိမ့်​မည်။ ဆည်း​ပူး​သို​ထား​ခြင်း​ကို မ​ပြု​ရ။ ကုန်​သွယ်​သော ဥ​စ္စာ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နေ​သော​သူ​တို့​အ​ဖို့ ဖြစ်၍ သူ​တို့​သည်​ဝ​စွာ​စား၍ ခိုင်​သော​အ​ဝတ်​ကို ဝတ်​ကြ​လိမ့်​မည်။

ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊-

အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။-

ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-

အိမ်​သို့​ဝင်​လေ​သော်၊ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို တွေ့​မြင်​လျှင် ပျပ်​ဝပ်​ကိုး​ကွယ်၍၊ မိ​မိ​တို့ ဘ​ဏ္ဍာ​ဥ​စ္စာ​တို့​ကို ဖွင့်​ပြီး​မှ လော​ဗန်​နှင့် မု​ရန် တည်း​ဟူ​သော နံ့​သာ​မျိုး​ကို​လည်း​ကောင်း၊ ရွှေ​ကို​လည်း​ကောင်း ဆက်​ကပ်​ပူ​ဇော်​ကြ၏။-

ည​အ​ချိန် ရောက်​သော​အ​ခါ စ​ပျစ်​ဥ​ယျာဉ်​ရှင်​က လုပ်​ဆောင်​သော သူ​တို့​ကို ခေါ်​ခဲ့​လော့။ နောက်​ဝင်​သော သူ​မှ​စ၍ အ​ရင်​အ​ဦး​ဝင်​သော သူ​တိုင်​အောင် အ​ခ​ကို​ပေး​လော့​ဟု မိ​မိ​စာ​ရေး​ကို မှာ​လိုက်​လေ၏။-

မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား သင်​တို့၌​အ​စဉ် ရှိ​သည်​မ​ဟုတ်။-

ဂါ​လိ​လဲ​ပြည်​က ယေ​ရှု​နောက်​တော်၌ အ​လုပ်​အ​ကျွေး လိုက်​လာ​သော မိန်း​မ​အ​များ​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-

ထို​အ​ကြောင်း​အ​ရာ​ကို တ​မန်​တော်​တို့​အား ပြော​သော​သူ​ကား၊ မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟ​န္န၊ ယာ​ကုပ်၏ အ​မိ​ဖြစ်​သော​မာ​ရိ​မှ​စ၍ အ​ခြား​သော​မိန်း​မ​များ ဖြစ်​သ​တည်း။-

ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။-

အ​န္တိ​အုတ်​မြို့​တွင်​ရှိ​သော အ​သင်း​တော်၌ ဗာ​န​ဗ​မှ​စ၍ နိ​ဂါ​ဟု​ခေါ်​ဝေါ်​သော ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လု​ကိ၊ စော်​ဘွား​ဟေ​ရုဒ်၏ သူ​ငယ်​ချင်း​အ​ရင်း​ဖြစ်​သော မာ​နင်​နှင့် ရှော​လု​တည်း​ဟူ​သော ပ​ရော​ဖက်​ပြု​သူ၊ ဆ​ရာ​ပြု​သူ​ရှိ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။

ငါ​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​မှ​စ၍ သန့်​ရှင်း​သော သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ ကဲ​သာ​ဘု​ရင်၏ နန်း​တော်၌​နေ​သော သန့်​ရှင်း​သူ​တို့​သည် အ​ထူး​သ​ဖြင့် နှုတ်​ဆက်​ကြ၏။-

ကောင်း​သော​အ​ကျင့်​ကို​ကျင့်၍ အ​သ​ရေ​ရှိ​သော​သူ၊ သူ​ငယ်​တို့​ကို ကျွေး​မွေး​ခြင်း၊ ဧည့်​သည်​ဝတ်​ပြု​ခြင်း၊ သန့်​ရှင်း​သူ​တို့၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို လုပ်​ကျွေး​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့၌ ကြိုး​စား အား​ထုတ်​ခြင်း​ကို ပြု​ဖူး​သော​သူ​ဖြစ်​လျှင်၊ စာ​ရင်း​အင်း ဝင်​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ