Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 7:29

Judson Bible

အ​ခွန်​ခံ​သူ​မှ​စ၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်၏​စ​ကား​ကို ကြား​နာ​ရ​လျှင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ ယော​ဟန်​ပေး​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို​သာ​ပြစ်​မှား၍ မျက်​မှောက်​တော်၌​ပင် မ​တ​ရား​သော​အ​မှု​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်၍ မိန့်​တော်​မူ​ချက်​သည် ဖြောင့်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​သည် အ​ပြစ်​လွတ်​ပါ၏။

သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-

ယော​ဟန်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် ယုံ​သ​ဖြင့် ငါ​တို့​ကို ကျောက်​ခဲ​နှင့် ပစ်​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-

အ​ခွန်​ခံ​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လာ၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-

ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။-

သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​ရှိ​သ​မျှ​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်၏​ဟု မိန့်​တော်​မူ၏။

သ​ခင်​ဘု​ရား၏​ဘာ​သာ၌​လေ့​ကျက်၍ စိတ်​အား​ကြီး​သ​ဖြင့်၊ သ​ခင်​ဘု​ရား၏​အ​ကြောင်း​များ​ကို စေ့​စေ့​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၏။ သို့​သော်​လည်း၊ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို​သာ​သိ၏။-

ပေါ​လု​က​လည်း၊ သို့​ဖြစ်​လျှင်၊ သင်​တို့​သည် အ​ဘယ်​မည်​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယော​ဟန်၏​ဗ​တ္တိ​ဇံ​ကို​ခံ​ပါ​သည်​ဟု ပြော​ဆို​ကြ၏။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-

ကောင်း​ကင်​တ​မန်​က​လည်း၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော အ​ရှင်၊ ကိုယ်​တော်​သည် ဤ​သို့ တ​ရား​စီ​ရင်​တော်​မူ​သည် အ​မှု​မှာ ဖြောင့်​မတ်​တော်​မူ၏။-

အ​ဒေါ​နိ​ဗေ​ဇက်​က​လည်း၊ လက်​မ​နှင့် ခြေ​မ​ဖြတ်​သော မင်း​ကြီး​ခု​နစ်​ဆယ်​တို့​သည်၊ အ​ထက်​က ငါ့​စား​ပွဲ​အောက်၌ စား​နုပ်​စား​ပေါက်​ကို ကောက်၍ စား​ရ​ကြ၏။ ငါ​ပြု​ဖူး​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​ပေး​တော်​မူ​ပြီ​ဟု ဆို၏။ ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပို့၍ သူ​သည် ထို​မြို့​မှာ​သေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ