Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 7:2

Judson Bible

ထို​မြို့၌ တပ်​မှူး၏​ကျွန်​တစ်​ယောက်​သည် နာ၍ သေ​ခါ​နီး​ရှိ၏။ သူ၏​သ​ခင်​သည် သူ့​ကို​ချစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

က​ရု​ဏာ၊ သ​စ္စာ​တော်​ကို အ​ကျွန်ုပ်​သ​ခင်​မှ ရုပ်​သိမ်း​တော်​မ​မူ​သော၊ အ​ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လမ်း​မှာ​သွား​လျက်​ရှိ​သော အ​ကျွန်ုပ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​သ​ခင်၏​ညီ​အစ်​ကို​တို့​အိမ်​သို့ ပို့​ဆောင်​တော်​မူ​ပါ​သည်​တ​ကား​ဟု မြွက်​ဆို၏။

ရေ​ဗ​က္က၏​အ​ထိန်း​ဒေ​ဗော​ရ​သေ၍၊ ဗေ​သ​လ​အ​ရပ်၌ သ​ပိတ်​ပင်​အောက်​တွင် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လေ၏။ ထို​အ​ပင်​ကို အာ​လု​မ္ဘာ​ကုတ်​ဟူ၍​တွင်​သ​တည်း။

မု​သား​လမ်း​သို့ ငါ​လိုက်​မိ​သော်​လည်း​ကောင်း၊ လှည့်​စား​ခြင်း​ငှာ ငါ​ပြေး​မိ​သော်​လည်း​ကောင်း၊

ကျွန်​သည်​ငယ်​သော​အ​ရွယ်​မှ​စ၍ ပျော်​ပါး​အောင် ကျွေး​မွေး​ခြင်း​ကို​ခံ​ရ​လျှင်၊ နောက်​ဆုံး၌ သား​အ​ရာ​ကို ရ​လိမ့်​မည်။

ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။-

ထို​အ​ခြင်း​အ​ရာ​တို့​ကို တပ်​မှူး​သည်​မြင်​လျှင်၊ စင်​စစ်​ဤ​သူ​သည် ဖြောင့်​မတ်​သော​သူ​မှန်​ပေ၏​ဟု​ဆို၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လေ၏။-

ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည် ပ​ရိသတ်​တို့​အား အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ၏။-

ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊ ယု​ဒ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​သ​ဖြ​င့်၊ ကိုယ်​တော်​သည်​ကြွ၍ ထို​ကျွန်​ကို ချမ်း​သာ​ပေး​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။-

တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။-

ကဲ​သ​ရိ​မြို့၌ ဣ​တ​လိ​တပ်​ဟု ခေါ်​ဝေါ်​သော​တပ်​တွင် လူ​တစ်​ရာ​ကို​အုပ်​ချုပ်​သော တပ်​မှူး​ကော်​နေ​လိ အ​မည်​တွင်​သော သူ​တစ်​ယောက်​ရှိ၏။-

ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊-

တပ်​မှူး​သည်​ကြား​လျှင် စစ်​သူ​ကြီး​ထံ​သို့​သွား၍၊ အ​ဘယ်​သို့​ပြု​မည်​ကို သ​တိ​ထား​ပါ​လော့။ ဤ​သူ​သည် ရော​မ​လူ​ဖြစ်​ပါ​သည်​ဟု ကြား​လျှောက်၏။-

ပေါ​လု​သည် တပ်​မှူး​တစ်​ယောက်​ကို ခေါ်၍၊ ဤ​လု​လင်​ကို စစ်​သူ​ကြီး​ထံ​သို့​ပို့​ပါ။ လျှောက်​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သည်​ဟု​ဆို​သော်၊-

ထို​အ​ခါ​ငါ​တို့​သည် ဣ​တ​လိ​ပြည်​သို့​သင်္ဘော​နှင့် ကူး​ရ​မည့်​အ​ကြောင်း​ကို စီ​ရင်​ပြီး​မှ၊ ယု​လိ​အ​မည်​ရှိ​သော ဩ​ဂု​တ္တု​တပ်​နှင့်​ဆိုင်​သော တပ်​မှူး၌ ပေါ​လု​မှ​စ၍ အ​ကျဉ်း​ခံ​သော​အ​ခြား​သူ​တို့​ကို အပ်​ကြ၏။-

နက်​ဖြန်​နေ့​တွင် ဇိ​ဒုန်​မြို့၌​ဆိုက်​ကြ​ပြီး​လျှင်၊ ပေါ​လု​သည် မိ​မိ​အ​ဆွေ​ခင်​ပွန်း​တို့​ထံ​သို့​သွား၍ သူ​တို့၏​လုပ်​ကျွေး​ပြု​စု​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယု​လိ​သည် ကျေး​ဇူး​ပြု၍ အ​ခွင့်​ပေး​လေ၏။-

တပ်​မှူး​သည်​ပေါ​လု​ကို ချမ်း​သာ​စေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့၏​အ​ကြံ​ကို​မြစ်​တား၍၊ ကူး​နိုင်​သော သူ​တို့​သည် အ​ရင်​ဆင်း၍ ကုန်း​သို့ သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

အ​စေ​ခံ​ကျွန်​တို့၊ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ လူတို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့၊ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ၊ လော​ကီ​သ​ခင်၏​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ