ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတစ်ပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကို ယူစား၍၊ မိမိအဖော်တို့အား ပေးသည်အကြောင်းကိုမျှ သင်တို့သည် မဖတ်ဖူးသလော။-
ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဖော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။-
ထိုမှတစ်ပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှတစ်ပါး အခြားသောမုန့်မရှိသောကြောင့် သန့်ရှင်းသောမုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်အစား၌ မုန့်သစ်ကို တင်ထားအံ့သောငှာ ထာဝရဘုရားရှေ့တော်မှ နုတ်ပယ်နှင့်ပြီ။