ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့် ပွတ်နယ်စားကြ၏။-
ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားရမည်။ ပထမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပထမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
ချီလွှဲရာပူဇော်သကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
ဟောင်းသောစပျစ်ရည်ကို သောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ချင်း အလိုမရှိတတ်။ ဟောင်းသောစပျစ်ရည် သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။
အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် တရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒပေးတော်မူသည်တွင်၊ ထိုဇရပ်၌ လက်ယာလက်သေသောသူ တစ်ယောက်ရှိ၏။-
စပါးကိုရိတ်စကာလနောက်၊ အရေအတွက်အားဖြင့် ခုနစ်သီတင်းလွန်မှ၊
အိမ်နီးချင်း၏ စပါးလယ်ထဲသို့ ဝင်သောအခါ၊ စပါးနှံကိုလက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ။