Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 5:12

Judson Bible

ကိုယ်​တော်​သည် မြို့​တစ်​မြို့၌​ရှိ​တော်​မူ​စဉ်၊ တစ်​ကိုယ်​လုံး​နူ​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ကိုယ်​တော်​ကို မြင်​လျှင် ပျပ်​ဝပ်၍၊ သ​ခင်၊ အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ချိန်း​ချက်​သော ဖွား​ချိန်​စေ့​သော​အ​ခါ၊ သင့်​ဆီ​သို့​ငါ​ပြန်​လာ၍၊ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ပျပ်​ဝပ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ၏။

ရှု​ရိ​ရှင်​ဘု​ရင်၏​ဗိုလ်​ချုပ်​မင်း​နေ​မန်​သည် မိ​မိ​သ​ခင်​ထံ​မှာ မျက်​နှာ​ရ​သော​သူ၊ ဘုန်း​ကြီး​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရှု​ရိ​ပြည်​သည် ထို​သူ​အား​ဖြင့် အောင်​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ပြီ။ ထို​သူ​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်၏။ သို့​ရာ​တွင် နူ​နာ​စွဲ၏။

သို့​ဖြစ်၍ နေ​မန်၏​နူ​နာ​သည် သင်၌​လည်း​ကောင်း၊ သင်၏​သား​မြေး၌​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​စွဲ​စေ​ဟု ဆို​သည်​အ​တိုင်း၊ ဂေ​ဟာ​ဇိ​သည် နူ​နာ​စွဲ၍ မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်၊ သ​ခင်​ထံ​မှ​ထွက်​သွား၏။

ထို​အ​ခါ မြို့​တံ​ခါး​ဝ၌​ထိုင်​လျက်​ရှိ​သော လူ​နူ​လေး​ယောက်​တို့​က၊ ငါ​တို့​သည် သေ​သည်​တိုင်​အောင် အ​ဘယ်​ကြောင့် ဤ​အ​ရပ်၌ ထိုင်​ရ​မည်​နည်း။

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​လက်​ကို သင်၏​ရင်​ခွင်​သို့​သွင်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​ကို​ရင်​ခွင်​သို့​သွင်း၍​ထုတ်​ပြန်​သော​အ​ခါ၊ လက်​သည် မိုး​ပွင့်​အ​ဆင်း​ကဲ့​သို့ နူ​လေ​၏။

အ​သား​စို​သည် ခြား​နား၍​ဖြူ​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ တစ်​ဖန်​လာ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။

ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ဖြစ်၍၊-

အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။-

သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။-

ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။-

ယေ​ရှု​က​လည်း၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက်၊ လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်​လေ၏။-

နူ​နာ​ဘေး​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​တို့ သွန်​သင်​သ​မျှ​အ​တိုင်း သ​တိ​ပြု၍ စေ့​စေ့​စောင့်​ရှောက်​လော့။ သူ​တို့​ကို ငါ​မှာ​ထား​သည်​အ​တိုင်း ကျင့်​စောင့်​ကြ​လော့။

ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ထို​သူ​က၊ ထို​သို့​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော​ဗိုလ်​မှူး​ဖြစ်၍ ယ​ခု​ငါ​လာ​သည်​ဟု​ဆို၏။ ယော​ရှု​သည်​လည်း မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကိုး​ကွယ်​လျက်၊ ကိုယ်​တော်​ကျွန်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ