Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 4:8

Judson Bible

ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​ဆို​သည်​ကား၊ ခေ​ရု​ဗိမ်​ပေါ်​မှာ​ထိုင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ဟူ၍ နာ​မ​တော်​ရှိ​သော ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်၊ မြေ​ကြီး​တစ်​ပြင်​လုံး​အ​ပေါ်​မှာ အ​မြင့်​ဆုံး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​စေ​သော။

ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို မွေး​ရ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ၌​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။

ငါ့​ကို​ကိုး​ကွယ်​လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ ကိုယ်​တော်၌ ဆည်း​ကပ်​ရ​မည်။ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​ခြင်း​ကို ပြု​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည်။ နာ​မ​တော်​အား​ဖြင့်​လည်း ကျိန်​ဆို​ခြင်း​ကို​ပြု​ရ​မည်။

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​သို့ လိုက်​ကြ​လော့။ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ သို့​ပြု​လျှင်၊ သူ​သည် သင်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။-

သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။

ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။

သူ​က​လည်း၊ မ​ပြု​ပါ​နှင့်။ ငါ​ကား၊ သင်၏ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်၏။ သင်၏​အစ်​ကို ပ​ရော​ဖက်​တို့​နှင့် ဤ​စာ​စောင်၏​စ​ကား​ကို စောင့်​ရှောက်​သော​သူ​တို့၏ လုပ်​ဘော်​ဆောင်​ဘက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့​ဟု ပြော​ဆို၏။

တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ