ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။
မနာရှေသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကိုပြစ်မှားစေသော အပြစ်မှတစ်ပါး အပြစ်မရှိသော သူအများတို့ကိုသတ်၍ ယေရုရှလင်မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှာပြု၏။
ဘုရားသခင်၏တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား၏ အမျက်တော်မငြိမ်းနိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန်လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှာ၊ ဆုံးမသော ကိုယ်တော်၏ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ၏။
ငါသည် သင်တို့သားများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ဓားသည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကိုဖျက်ဆီးလေပြီ။
ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊-
ယောဟန်သည် ထောင်ထဲသို့မရောက်သေး။
ထိုသူတို့သည် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။-