Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 24:11

Judson Bible

သူ​တို့၏​စ​ကား​ကို ဒ​ဏ္ဍာ​ရီ​စ​ကား​ကဲ့​သို့ ထင်​မှတ်၍ တ​မန်​တော်​တို့​သည် မ​ယုံ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

လော​တ​ထွက်​၍၊ သ​မီး​နှင့်​စုံ​ဖက်​သော​သူ၊ မိ​မိ​သ​မက်​တို့​အား ထ​ကြ၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ကြ၊ ဤ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​သော်​လည်း၊ ကျီ​စား​ဟန်​ရှိ​သည်​ဟု သ​မက်​တို့​ထင်​ကြ၏။

ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။

ငါ​ခေါ်၍ အ​ရှင်​သည် ထူး​တော်​မူ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​ဟု ငါ​မ​ယုံ​နိုင်။

ဖမ်း​သွား​ချုပ်​ထား​သော ဇိ​အုန်​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပြန်​လာ​စေ​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အိပ်​မက်​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။

ကိုယ်​တော်​သည် အ​သက် ရှင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မာ​ရိ​သည် ကိုယ်​တော်​ကို မြင်​ရ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ကြား​လျှင် မ​ယုံ​ကြ။

သူ​တို့​သည်​ပြန်​လာ၍ အ​ခြား​သော​တ​ပည့်​တော်​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​သော်​လည်း မ​ယုံ​ဘဲ နေ​ကြ၏။

ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-

ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊-

ထို​သူ​တို့​သည် အံ့​ဩ၍ ဝမ်း​မြောက်​သော​အား​ဖြင့် မ​ယုံ​နိုင်​ဘဲ​နေ​သေး​သော​အ​ခါ၊ သင်​တို့၌ စား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-

ပေ​တ​ရု​သည် ထွက်၍​လိုက်​သော်​လည်း၊ ကောင်း​ကင်​တ​မန် ပြု​သ​မျှ​တို့​သည် မှန်​သော​အ​မှု​အ​ရာ​ဖြစ်​သည်​ဟု မ​သိ​မ​မှတ်​ဘဲ၊ မိ​မိ​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​သည်​ဟု​ထင်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ