Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 22:62

Judson Bible

ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​ပါ၏။ ပြစ်​မှား​မိ​သော​ကြောင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​ပါ၏။

ဧ​ဖ​ရိမ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဆုံး​မ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ရိုင်း​သော​နွား​လား​ကဲ့​သို့ ဆုံး​မ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ပြန်​လာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။

ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။

ယေ​ရှု​က၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ပြင်​သို့​ထွက်၍ ပြင်း​စွာ ငို​ကြွေး​လေ၏။

စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

တစ်​ဖန် ကြက်​တွန်​လေ၏။ ယေ​ရှု​က၊ ကြက်​သည် နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊ ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ခေါင်း​ကို​ခြုံ၍ ငို​ကြွေး​လေ၏။

ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊-

ယေ​ရှု​ကို ကိုင်​ဆွဲ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု၍ ရိုက်​ပုတ်​ကြ၏။-

ထို​ကြောင့် အ​ကြင်​သူ​သည် မိ​မိ​တည်​ကြည်​လျက်​နေ​သည်​ဟု မိ​မိ​ထင်​မှတ်၏။ ထို​သူ​သည် မ​လဲ​ခြင်း​ငှာ သ​တိ​ပြု​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ