ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏချင်းတွင် ကြက်တွန်လေ၏။-
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင် ကြက်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊-
သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
တစ်ဖန် တစ်နာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊-
ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊-
ပေတရုသည် တစ်ဖန် ငြင်းပြန်လေ၏၊ ထိုခဏချင်းတွင် ကြက်တွန်၏။