ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။-
ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကိုလည်း ယူသွား၏။
ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကိုယူ၍ အဖုံးကိုဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်း လက်ယာဘက်ယဇ်ပလ္လင်နားမှာ ထားလေ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါးစောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။
ထာဝရဘုရား မိန့်တော်မူဖူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဖို့ ဣသရေလရှင်ဘုရင်လုပ်သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
ဗိမာန်တော်တန်ဆာ အကြီးအငယ် ရှိသမျှတို့ကိုလည်းကောင်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ်ဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ် ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက် မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။
ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊-
သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ ကြီးစွာသောဒဏ်ကို ခံရကြလတ္တံ့ဟု မိန့်တော်မူ၏။
ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။
ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။
မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာတွင် ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကိုလည်းကောင်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။