Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 2:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သည် ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​လျက် ရပ်၍ မ​နေ​နိုင်​ကြ။

အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။

နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။

အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ပေါ်​ထွန်း၍၊ လူ​အ​ပေါင်း​တို့​သည် အ​တူ​မြင်​ရ​ကြ​လ​တ္တံ့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။

သင်​ထ​လော့။ လင်း​လော့။ သင်၏​အ​လင်း​ရောက်​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ပေါ်​ထွန်း​လျက်​ရှိ​၏။

ငါ​သည် ထ၍ လွင်​ပြင်​သို့​သွား၏။ ရောက်​သော​အ​ခါ​ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ရပ်​တော်​မူ၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။

ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-

ကောင်း​ကင်​တ​မန်​သည် ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​ကို​ခံ​ရ​သော မိန်း​မ၊ သင့်​အား​မင်္ဂ​လာ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် အ​တူ​ရှိ​တော်​မူ၏။ သင်​သည် မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု ပြော​ဆို၏။-

ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊-

ထို​အ​ကြောင်း​ကြောင့် သူ​တို့​သည် တွေး​တော​သော​စိတ်​ရှိ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ပြိုး​ပြိုး​ပြက်​ပြက်​သော အ​ဝတ်​ကို ဝတ်​ဆင်​လျက် ပေါ်​လာ၏။-

ဟေ​ရှာ​ယ​သည် ဘုန်း​အာ​နု​ဘော်​တော်​ကို​မြင်၍ ဗျာ​ဒိတ်​တော်​ကို​ပြန်​စဉ်​တွင် ထို​စ​ကား​ကို ဟော​ပြော​သ​တည်း။-

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ပေါ်​လာ​လျှင် ထောင်​အိမ်၌ အ​လင်း​ထွန်း​တောက်​လေ၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု၏ နံ​ဘေး​ကို​ပုတ်​ခတ်၍၊ အ​လျင်​အ​မြန်​ထ​လော့​ဟု ဆို​လျက်​ထ​စေ၏။ သံ​ကြိုး​သည်​လည်း ပေ​တ​ရု​လက်​မှ ကျွတ်​လေ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ့​ကို​ပိုင်​တော်​မူ၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ယ​နေ့​ည​တွင် ငါ့​အ​နား​မှာ ပေါ်​လာ​လျက်၊-

ည​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​ကို​ဖွင့်​ပြီး​လျှင်၊ ထို​သူ​တို့​ကို​နုတ်၍၊ သင်​တို့​သွား​ကြ​လော့။-

ငါ​တို့​ရှိ​သ​မျှ​သည် မျက်​နှာ​ဖုံး​ကို​ဖွင့်​လျက် မှန်​ကို ကြည့်​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ကြည့်​မြင်၍၊ ဝိ​ညာဉ်​တော်​တ​ရား၏ အ​ရှင်​သည် ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည် ဘုန်း​အ​သ​ရေ တိုး​ပွား၍ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ပြောင်း​လဲ​ခြင်း ရှိ​ရ​ကြ၏။

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

မှန်​သော​ကိုး​ကွယ်​ခြင်း၏ နက်​နဲ​သော​အ​ရာ​သည် ကြီး​စွာ​သော​အ​ရာ​ဖြစ်​သည်​ဟု ငြင်း​ခုံ​ရန်​မ​ရှိ။ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ၌ ပေါ်​ထွန်း​တော်​မူ​ပြီ။ ဟုတ်​မှန်​တော်​မူ​ခြင်း​အ​ကြောင်း​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ထင်​ရှား​ပြီ။ ကောင်း​ကင်​တ​မန်​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သ​တင်း​တော်​ကို ကြား​ရ​ကြ​ပြီ။ လော​ကီ​သား​တို့​သည် ယုံ​ကြည်​ရ​ကြ​ပြီ။ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။

ထို​သို့ ထင်​ရှား​သော​အ​ရာ​သည် အ​လွန် ကြောက်​မက်​ဖွယ်​ဖြစ်၍၊ မော​ရှေ​က၊ ငါ​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​ရှိ​သည်​ဟု ဆို၏။-

ထို​နောက်​မှ ကောင်း​ကင်​တ​မန် တစ်​ပါး​သည် ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ၍ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏ ရောင်​ခြည်​အား​ဖြင့် မြေ​ကြီး​ထွန်း​လင်း​လျက်​ရှိ၏။-

တစ်​ဖန်​တုံ၊ ဖြူ​သော​ပ​လ္လင်​ကြီး​ကို​လည်း​ကောင်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ကို​လည်း​ကောင်း ငါ​မြင်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် မျက်​နှာ​တော်​ရှေ့​မှ ပြေး​လွင့်၍ သူ​တို့ နေ​စ​ရာ​အ​ရပ်​မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ