Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 2:48

Judson Bible

မိ​ဘ​တို့​သည် သား​ကို​မြင်​လျှင် မိန်း​မော​တွေ​ဝေ၍ မယ်​တော်​က၊ ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့ ပြု​သ​နည်း။ ညှိုး​ငယ်​ကြောင့်​ကြ​သော​စိတ်​နှင့် မိ​ဘ​တို့​သည် မောင်​ကို​ရှာ​ကြ​ပြီ​ဟု ဆို​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။-

ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊-

ထို​အ​ခါ ယေ​ရှု​သည် အ​နှစ်​သုံး​ဆယ်​ခန့်​မျှ ရှိ​တော်​မူ၏။ လူ​များ​အ​ထင်​အ​မှတ်​အား​ဖြင့် ကိုယ်​တော်၏​အ​ဘ​ကား ယော​သပ်​တည်း။ ယော​သပ်​အ​ဘ ဧ​လိ၊-

ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်​ခံ၍၊ တင့်​တယ်​လျောက်​ပတ်​သော နှုတ်​ထွက်​စ​ကား​ကို အံ့​ဩ​ချီး​မွမ်း​လျက်၊ ဤ​သူ​သည် ယော​သပ်၏​သား မ​ဟုတ်​တုံ​လော​ဟု ဆို​ကြ၏။-

ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ