ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊-
သင်သည် မုဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကို ချိုးပြီ။
ပျက်လုသောသူ ကောင်းချီးပေးခြင်းကို ငါခံရ၏။ မုဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှာ ကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့။
ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသောသူတို့ထက် သာ၍ ဆိုးကြ၏။ တရားသဖြင့် မစီရင်ကြ။ မိဘမရှိသော သူငယ်၏အမှုကိုစောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသောသူဘက်၌ တရားသဖြင့် မစီရင်ကြ။
တရားတွေ့ဖက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။-
မြို့တစ်မြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။-
တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊-
ဤမုဆိုးမသည် ငါ့ကိုနှောင့်ယှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။-
တရားတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။