သခင်၏ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကိုမေးလျှင်၊-
စာရင်းယူစဉ်တွင်၊ ငွေအခွက်တစ်သိန်းကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။-
ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတစ်ရာ ကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။-
သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။-
ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတစ်ပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှာ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ကြံစည်ပြီးမှ၊-
ထိုသူက၊ ဆီအခွက်တစ်ထောင်ပေးရန် ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို၏။-