ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတစ်ပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှာ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ကြံစည်ပြီးမှ၊-
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။
အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကိုမသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဉာဏ်မရှိကြ။ မကောင်းသောအမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှုတို့ကို မပြုတတ်ကြ။
ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။-
သခင်၏ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကိုမေးလျှင်၊-
တစ်ဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေသောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတ္တံ့သော အဆွေရှိစေခြင်းငှာ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
ထိုသို့သောပညာသည် အထက်မှ သက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။-