Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 16:3

Judson Bible

ထို​အ​ခါ ဘ​ဏ္ဍာ​စိုး​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​အ​ရာ​ကို နုတ်​လေ​ပြီ။ လယ်​လုပ်​ခြင်း​ငှာ မ​စွမ်း​နိုင်။ သူ​တောင်း​စား လုပ်​ခြင်း​ငှာ ရှက်​ကြောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဟာ​မန်​သည် ဝင်​လျှင် ရှင်​ဘု​ရင်​က၊ ရှင်​ဘု​ရင် ချီး​မြှောက်​လို​သော​သူ၌ အ​ဘယ်​သို့​ပြု​သင့်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​က ငါ​မှ​တစ်​ပါး၊ ရှင်​ဘု​ရင်​သာ၍ ချီး​မြှောက်​လို​သော​သူ တစ်​စုံ​တစ်​ယောက် ရှိ​နိုင်​သ​လော​ဟု စိတ်​ထဲ​မှာ​အောက်​မေ့​လျက်၊

ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။

ပျင်း​ရိ​သော​သူ သွား​ရာ​လမ်း၌ ဆူး​ပင်​ဆီး​ကာ​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ သွား​ရာ​လမ်း​မူ​ကား၊ မို့​မောက်​လျက်​ရှိ၏။

အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။

ပျင်း​ရိ​သော​သ​ဘော​သည် လွန်​ကျူး​စွာ အိပ်​ပျော်​စေ၍၊ ပျင်း​ရိ​သော​သူ​သည် အ​ငတ်​ခံ​ရ၏။

ချမ်း​သော​ကြောင့် ပျင်း​ရိ​သော​သူ​သည် လယ်​မ​လုပ်​လို။ ထို​ကြောင့် စ​ပါး​ရိတ်​သော​ကာ​လ၌ သူ​တစ်​ပါး​ကို တောင်း​သော်​လည်း မ​ရ​ရာ။

ကျွန်​သည်​ငယ်​သော​အ​ရွယ်​မှ​စ၍ ပျော်​ပါး​အောင် ကျွေး​မွေး​ခြင်း​ကို​ခံ​ရ​လျှင်၊ နောက်​ဆုံး၌ သား​အ​ရာ​ကို ရ​လိမ့်​မည်။

ငါ​ကြည့်​ရှု​စီ​ရင်​သည်​ကာ​လ၊ အ​ဝေး​က​ရောက်​လ​တ္တံ့​သော ဖျက်​ဆီး​ခြင်း​ဖြစ်​သည်​ကာ​လ၌၊ သင်​တို့​သည် ချမ်း​သာ​ရ​အံ့​သော​ငှာ၊ အ​ဘယ်​သူ​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​စည်း​စိမ်​ဥ​စ္စာ​ကို အ​ဘယ်​မှာ​သို​ထား​ကြ​လိမ့်​မည်​နည်း။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

ဓ​မ္မ​ပွဲ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဆောင်​သော ပွဲ​နေ့​တို့၌ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​နည်း။

ည​အ​ချိန် ရောက်​သော​အ​ခါ စ​ပျစ်​ဥ​ယျာဉ်​ရှင်​က လုပ်​ဆောင်​သော သူ​တို့​ကို ခေါ်​ခဲ့​လော့။ နောက်​ဝင်​သော သူ​မှ​စ၍ အ​ရင်​အ​ဦး​ဝင်​သော သူ​တိုင်​အောင် အ​ခ​ကို​ပေး​လော့​ဟု မိ​မိ​စာ​ရေး​ကို မှာ​လိုက်​လေ၏။-

ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​လျှင်၊ တ​ပည့်​တော်​တို့​မှ​စ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထို​မြို့​မှ ထွက်​ကြွ​တော်​မူ​စဉ်​တွင်၊ တိ​မဲ၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော လူ​ကန်း​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။-

ထို​သူ​ဌေး​က၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ အ​သီး​အ​နှံ​များ​ကို သို​ထား​စ​ရာ​အ​ရပ်​မ​ရှိ။-

သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​ကို ခေါ်၍၊ သင်၏​အ​မူ​အ​ရာ၌ ငါ​ကြား​ရ​သော​စ​ကား​ကား အ​ဘယ်​သို့​နည်း။ ဘ​ဏ္ဍာ​စိုး​အ​ရာ၌ မှတ်​သား​သော စာ​ရင်း​ကို ပေး​လော့။ ယ​ခု​မှ​စ၍ ဘ​ဏ္ဍာ​စိုး​မ​လုပ်​ရ​ဟု ဆို၏။-

လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​ဆင်း​ရဲ​တစ်​ယောက်​သည် တစ်​ကိုယ်​လုံး၌ အ​နာ​စိမ်း​ပေါက်၍၊-

တစ်​နေ့​သ၌ ထို​ဆင်း​ရဲ​သား​သည် သေ​လွန်၍၊ ကောင်း​ကင်​တ​မန်​တို့​သည် အာ​ဗြ​ဟံ၏​ရင်​ခွင်​သို့ ပို့​ဆောင်​ကြ၏။ သူ​ဌေး​သည်​လည်း သေ​လွန်၍ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။-

ဘ​ဏ္ဍာ​စိုး​အ​ရာ​မှ ကျ​သည်​နောက် သူ​တစ်​ပါး​တို့​သည် မိ​မိ​တို့​အိမ်၌ ငါ့​ကို​လက်​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​ကို ငါ​သိ၏​ဟူ၍ စိတ်​ထဲ၌​ကြံ​စည်​ပြီး​မှ၊-

တ​ရား​မ​စီ​ရင်​ဘဲ ကြာ​မြင့်​စွာ​နေ၏။ ထို​နောက် တ​ရား​သူ​ကြီး​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော​သူ ဖြစ်​သော်​လည်း၊-

သူ​သည် သူ​တောင်း​စား​ဖြစ်​သည်​ကို အိမ်​နီး​ချင်း​မှ​စ၍ မြင်​ဖူး​သော​သူ​တို့​က၊ ဤ​သူ​သည် ထိုင်၍ တောင်း​သော​သူ မ​ဟုတ်​လော​ဟု ဆို​ကြ၏။-

အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။-

သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။-

မ​တ​ရား​စွာ​ပြု၍ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ဘဲ၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ အ​ချို့​တို့​သည် သင်​တို့​တွင်​ရှိ​ကြောင်း​ကို ငါ​တို့​ကြား​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ