တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။-
ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အား ပြုတော်မူသည်ကို၊ အိမ်နီးချင်း အဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။-
ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။
တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။-