Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 15:5

Judson Bible

တွေ့​ပြီး​လျှင် ဝမ်း​မြောက်​သော​စိတ်​နှင့် ပ​ခုံး​ပေါ်​မှာ တင်​ထမ်း၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် သန့်​ရှင်း​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား ရွေး​နုတ်​တော်​မူ​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်​သည် သူ​တစ်​ပါး မ​စွန့်​ပစ်၊ စည်​ပင်​သော​မြို့​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

လူ​ပျို​သည် အ​ပျို​က​ညာ​နှင့် လက်​ထပ်​သ​ကဲ့​သို့၊ သင်၏​သား​တို့​သည် သင်​နှင့် လက်​ထပ်​ကြ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး၌ ဝမ်း​မြောက်​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၌​ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။

မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကျင့်​တို့​ကို​ရှောင်၍ အ​သက်​မ​ရှင်၊ အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည် အ​နည်း​ငယ်​သော​ပျော်​မွေ့​ခြင်း ရှိ​သ​လော။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ဆိုး​သော​သူ​သည် အ​သေ​ခံ​ခြင်း​အ​မှု​ကို ငါ​နှစ်​သက်​သည် မ​ဟုတ်။ ဆိုး​သော​သူ​သည် မိ​မိ​ဆိုး​သော​လမ်း​မှ​လွှဲ၍ အ​သက်​ရှင်​ခြင်း​အ​မှု​ကို​သာ ငါ​နှစ်​သက်၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​လိုက်​သော လမ်း​ဆိုး​မှ လွှဲ​ကြ​လော့။ လွှဲ​ကြ​လော့။ အ​ဘယ်​ကြောင့် အ​သေ​ခံ​လို​ကြ​သ​နည်း။

ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။

အ​ပြစ်​မှ လွှတ်​တော်​မူ​ထ​သော၊ ကျန်​ကြွင်း​သော အ​မွေ​တော်​လူ​တို့၏ လွန်​ကျူး​ခြင်း​များ​ကို သည်း​ခံ​တော်​မူ​ထ​သော၊ က​ရု​ဏာ၌ မွေ့​လျော်​သော​ကြောင့် အ​စဉ်​အ​မျက်​ထွက်​တော်​မ​မူ​သော ကိုယ်​တော်​ကဲ့​သို့ အ​ဘယ်​ဘု​ရား ရှိ​ပါ​သ​နည်း။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

သင်၏​ညီ​မူ​ကား အ​ထက်​က​သေ၏။ ယ​ခု​ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​တွေ့​ပြန်၏။ ထို​ကြောင့် ပျော်​မွေ့​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း ရှိ၏၊ အ​ဘ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

သိုး​တစ်​ကောင်​ပျောက်​လျှင်၊ ကိုး​ဆယ်​ကိုး​ကောင်​သော​သိုး​တို့​ကို တော​တွင်​ထား​ခဲ့​ပြီး​မှ၊ ပျောက်​သော သိုး​တစ်​ကောင်​ကို မ​တွေ့​မီ​တိုင်​အောင် သွား၍ မ​ရှာ​ဘဲ​နေ​မည်​လော။-

မိ​မိ​အိမ်​သို့​ရောက်​သော​အ​ခါ အ​ဆွေ​ခင်​ပွန်း အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​သိုး​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည် မ​ဟုတ်​လော။-

ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။-

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။

တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့် ငါ့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ထို​တ​ရား​ကို ဟော​ပြော​သော ဆ​ရာ၏​အ​ဖြစ်​သို့ ငါ​ရောက်​ရ​ပြီ။-

ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​နေ​သော​အ​ခါ သင်​တို့​အ​တွက် အ​ဘယ်​သို့​သော​သူ ဖြစ်​သည်​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည်၊ သင်​တို့၌ စ​ကား​သက်​သက်​ဖြစ်​သည် မ​ဟုတ်။ တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် လည်း​ကောင်း၊ ဝိ​စိ​ကိ​စ္ဆာ​မ​ရှိ​ဘဲ အ​မှန်​သိ​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​တ​ရား​ဖြစ်၏။-

မာရ်​နတ်၏ အ​လို​အ​တိုင်း ဖမ်း​မိ​သော​ထို​သူ​တို့​သည် သ​တိ​ရ၍၊ ထို​ဖမ်း​မိ​ရာ​မှ လွတ်​ခြင်း​သို့ ရောက်​ကောင်း ရောက်​ကြ​လိမ့်​မည်။

ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ