Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 13:8

Judson Bible

အ​ကျွန်ုပ်​သည် အ​ပင်​နား​ပတ်​လည်​ကို တူး​ဆွ၍ နောက်​ချေး​ကို ဖို့​ပါ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရွေး​ကောက်​တော်​မူ​သော​မော​ရှေ​သည် အ​မျက်​တော်​ကို​လွှဲ၍၊ ထို​သူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​စေ​ခြင်း​ငှာ၊ ဖျက်​ဆီး​ရာ​အ​ရပ်၊ ရှေ့​တော်၌​မ​ရပ်​လျှင်၊ သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ၏။

အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။

ကျေး​ဇူး​ပြု​သော​အ​တွက် အ​ပြစ်​ပေး​သင့်​ပါ​မည်​လော။ သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ဖို့ တွင်း​ကို တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သည် သူ​တို့ အ​ကျိုး​အ​လို​ငှာ လျှောက်၍၊ သူ​တို့​မှ​အ​မျက်​တော်​ကို လွှဲ​ခြင်း​ငှာ၊ ရှေ့​တော်၌ ရပ်​နေ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အိမ်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ ငို​ကြွေး​လျက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​များ​ကို သ​နား​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စိုး​ရ၍ အ​မွေ​တော်​လူ​တို့​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အပ်​နှံ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့ ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ​စေ။

ထို​အ​ခါ ဥ​ယျာဉ်​စောင့်​အား​လည်း၊ သုံး​နှစ်​ပတ်​လုံး ဤ​သင်္ဘော​သ​ဖန်း​ပင်​သို့ ငါ​လာ၍ အ​သီး​ကို ရှာ​သော်​လည်း မ​တွေ့​မ​ရ။ ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို နှောင့်​ယှက်​ရ​သ​နည်း​ဟု အ​မိန့်​ရှိ​သော်၊ ဥ​ယျာဉ်​စောင့်​က၊ သ​ခင်၊ ယ​ခု​နှစ်​ရှိ​ပါ​စေ​ဦး။-

အ​သီး​သီး​ကောင်း သီး​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် နောက်​မှ ခုတ်​ပစ်​တော်​မူ​ပါ​ဟု လျှောက်​လေ​သည်​ဟု မိန့်​တော်​မူ၏။

မြေ​ဖို့​မ​ကောင်း၊ အ​မှိုက်​ပုံ​ဖို့​မ​ကောင်း၊ ထို​ဆား​ကို ပြင်​သို့​ပစ်​လိုက်​တတ်၏။ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။-

လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ