Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 13:19

Judson Bible

လူ​သည် ယူ၍ ဥ​ယျာဉ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။ ထို​အ​စေ့​သည် ကြီး​ပွား၍ အ​ပင်​ကြီး​ဖြစ်၏။ မိုး​ကောင်း​ကင်​ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​တို့၌ နား​နေ​မှီ​ခို​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း​သည် ဝင်း​ကာ​သော​ဥ​ယျာဉ်၊ ပိတ်​ထား​သော ရေ​ကန်၊ တံ​ဆိပ်​ခတ်​ထား​သော ရေ​တွင်း ဖြစ်​ပေ၏။

မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။

ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်၌ သစ်​သီး​ကို စား၍၊ နှင်း​ပွင့်​ကို ဆွတ်​ယူ​မည်​ဟု၊ ဥ​ယျာဉ်​တော်​တွင် နံ့​သာ​တော​သို့ ဆင်း​သွား​တော်​မူ​ပေ၏။

ဥ​ယျာဉ်​တို့၌ နေ​သော​သူ၊ သင်၏​စ​ကား​သံ​ကို သင်၏ အ​ပေါင်း​အ​ဖော်​တို့​သည် နား​ထောင်​တတ်​ကြ၏။ ငါ​သည်​လည်း ကြား​ပါ​ရ​စေ။

ငါ​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ ယုံ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​စဉ် ပဲ့​ပြင်​တော်​မူ​မည်။ အ​စာ​ခေါင်း​ပါး​သည် ကာ​လ၌ ဝ​စွာ​ကျွေး၍၊ သင်၏​အ​ရိုး​တို့​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ သင်​သည် ရေ​လောင်း​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ပြတ်​နိုင်​သော စမ်း​ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။

ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

ထို​ကြောင့် အ​မျိုး​သား​တို့​သည်​လာ၍၊ ဇိ​အုန်​တောင်​ထိပ်၌ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခြင်း ကျေး​ဇူး​တည်း​ဟူ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​သ​ငယ်၊ နွား​သ​ငယ်​တို့​ကို​ရ​အံ့​သော​ငှာ စည်း​ဝေး​ကြ​လိမ့်​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်​သည် ရေ​လောင်း​သော ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်၍၊ နောက်​တစ်​ဖန် ညှိုး​ငယ်​ခြင်း မ​ရှိ​ရ။

မိုး​ကောင်း​ကင် ငှက်​အ​ပေါင်း​တို့​သည် အ​ကိုင်း​အ​ခက်​တို့၌ အ​သိုက်​လုပ်​ကြ၏။ တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ကိုင်း​အ​ခက်​တို့ အောက်၌​သာ ဖွား​ကြ၏။ ထို​အ​ပင်၏​အ​ရိပ်၌ ကြီး​မား​သော လူ​မျိုး​အ​ပေါင်း​တို့​သည် နေ​ကြ၏။

အ​ရွက်​လည်း​လှ၏။ သ​တ္တ​ဝါ​အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော​အ​သီး​နှင့် ပြည့်​စုံ၏။ မြေ​တိ​ရ​စ္ဆာန်​တို့​သည် ထို​သစ်​ပင်​အ​ရိပ်၌ ခို​ကြ၏။ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​တို့​သည် နား​နေ​ကြ၏။

အ​ရွက်​လှ​လျက်၊ သ​တ္တ​ဝါ အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော အ​သီး​နှင့် ပြည့်​စုံ​ထ​သော၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် အောက်၌​နေ​ကြ​သ​ဖြင့်၊ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​များ မှီ​ခို​နား​နေ​ရာ​ဖြစ်​သော သစ်​ပင်​သည်၊

ထို​ကာ​လ၌ လူ​မျိုး​အ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့​ဝင်​စား၍ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ သင့်​အ​လယ်၌ ငါ​နေ​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​ဆီ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​သိ​ရ​လိမ့်​မည်။

သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-

ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊-

သ​ခင်​ဘု​ရား​က၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင် ထို​သ​ဖန်း​ပင်​ကို၊ အ​ချင်း​အ​ပင်၊ သင်​သည် အ​မြစ်​နှင့်​တ​ကွ​နုတ်၍ ပင်​လယ်၌ စိုက်​လျက်​နေ​လော့​ဟု ဆို​ကြ​သော် သင်​တို့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။-

ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။-

တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ