Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 12:41

Judson Bible

ပေ​တ​ရု​က​လည်း၊ သ​ခင်၊ ဤ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​သာ မိန့်​တော်​မူ​သ​လော။ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သ​လော​ဟု မေး​လျှောက်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

စောင့်​နေ​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​သည်​အ​တိုင်း၊ ခပ်​သိမ်း​သော​သူ​တို့​အား ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

ပြန်​လာ၍ တ​ပည့်​တော်​တို့​သည် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင်၊ ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​သ​လော။ တစ်​နာ​ရီ​ခန့်​မျှ စောင့်​နေ​ခြင်း​ငှာ မ​စွမ်း​နိုင်​သ​လော။-

အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။-

သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် အ​ဆုံး​သို့​ရောက်​လု​သည် ဖြစ်​သော​ကြောင့်၊ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ဆု​တောင်း​ခြင်း​အ​လို​ငှာ စောင့်​နေ​ကြ​လော့။-

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ