Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 11:26

Judson Bible

မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော​နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍ နေ​ကြ၏၊ ထို​လူ၏​နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက်​သာ၍ ဆိုး​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ နောက်​တော်​သို့​မ​လိုက်၊ ဆုတ်​သွား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဖွေ၊ မ​မေး​မြန်း​သော သူ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။

မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍​နေ​ကြ၏။ ထို​လူ၏ နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက် သာ၍​ဆိုး၏။ ဆိုး​ညစ်​သော ဤ​လူ​မျိုး၌ ထို​နည်း​တူ​ဖြစ်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​ကို​ပင် ဘာ​သာ​သွင်း​ခြင်း​ငှာ ကုန်း​ကြောင်း​ရေ​ကြောင်း ပတ်​ပတ်​လှည့်​လည်၍ ဘာ​သာ​သွင်း​ပြီး​သော​သူ​ကို​လည်း၊ မိ​မိ​တို့​ထက် နှစ်​ဆ​သော​င​ရဲ​သား ဖြစ်​စေ​ကြ၏။

ရောက်​သော​အ​ခါ၊ ထို​အိမ်​သည် သုတ်​သင်​ပြင်​ဆင်​လျက်​ရှိ​သည်​ကို တွေ့​သော်၊-

ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် မိန်း​မ​တစ်​ယောက်​သည် လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍ ကိုယ်​တော်​ကို လွယ်​သော​ဝမ်း​နှင့် စို့​တော်​မူ​သော​သား​မြတ်​သည် မင်္ဂ​လာ​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊-

ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-

ညီ​အစ်​ကို​ချင်း​သည် သေ​ပြစ်​မ​သင့်​သော​ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မြင်​လျှင်၊ ထို​သူ​သည် ဆု​တောင်း​ရ​မည်။ သေ​ပြစ်​ကို မ​ပြု​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သူ​အား အ​သက်​ကို​ပေး​တော်​မူ​မည်။ သေ​ပြစ်​သင့်​သော ဒု​စ​ရိုက်​ရှိ၏။ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို လွှတ်​စေ​ခြင်း​ငှာ ဆု​တောင်း​ရ​မည်​ဟု ငါ​မ​ဆို။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ