လုကာ 10:31Judson Bibleထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။- အခန်းကိုကြည့်ပါ။ |
တစ်ဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင်၏။
အို ယဇ်ပုရောဟိတ်တို့၊ ကြားကြလော့။ အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော်သားတို့၊ မှတ်မိကြလော့။ သင်တို့သည် စစ်ကြောစီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တို့သည် မိဇပါတောင်ပေါ်မှာ ကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာ ထောင်သောပိုက်ဖြစ်ကြပြီ။